မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း ညစဉ်လှည့်လည် ကြေညာပေးလျက်ရှိ

ရန်ကုန်  သြဂုတ် ၂၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀) တွင် ညစဉ်လှည့်လည် ကြေညာပေးခြင်းများကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ကြေညာရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ပြင်ပထွက်ခွာရာတွင် Mask များ တပ်ဆင်သွားလာကြရန်၊ မိမိတို့ လက်များအား မကြာခဏဆေးကြောကြရန်၊ စျေးများနှင့် စားသောက်ဆိုင်များ အားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ပြည်ပမှဝင်ရောက်လာ သူများရှိပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန် နှင့် ဒေသန္တရအမိန့်များကို မလိုက်နာပါက တည်ဆဲ ဥပဒေ များဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အသံချဲ့စက်များဖြင့် ပြည်သူအများသိရှိနိုင်သည့် ညအချိန်တွင်ကြေညာ ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)