စုကလိ ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့မှ စခန်းသစ်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်းပိုင်းတွင် လွန်ခဲ့သည့်ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းပေါ်မြေပြိုကျမှုအား ယနေ့နံနက် ၇ နာရီအချိန်က ပူးပေါင်းရှင်းလင်းကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ ခရီးသွားလာရေးအဆင်ပြေစေရန်အတွက် စုကလိမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက ကားလမ်းပေါ်ပြိုကျဖုံးလွှမ်းနေသည့် မြေများအား ပူးပေါင်းရှင်းလင်းကြသည်။
အဆိုပါ ကားလမ်းပေါ်မြေပြိုကျခြင်းအား နံနက် ၁၀ နာရီအချိန်တွင် လတ်တလော ပြည်သူများသွားလာနိုင်သည်အထိ ပူးပေါင်းရှင်းလင်းဆောင်ရွက်ပြီးစီးခဲ့ပြီး ယင်းကားလမ်းဘေး မြေပြိုကျမှုထပ်မံမဖြစ်ပေါ်စေရေး လမ်းဦးစီး ဌာနမှ မြေသားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)