ရန်ကုန် ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် မိုးရာသီ ကာလ အတွင်း ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အုတ်ရေမြောင်းနှင့်လမ်းပခုံးသား ကွန်ကရိလောင်းခြင်း ပြီးစီး သည့် အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကွင်းဆင်း ကြည့်ရှု ခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် မင်းကြီး လမ်းမပေါ်ရှိ မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံ အဖွဲ့မှ AE ဦးသန်းဦးနှင့်အဖွဲ့ တာဝန်ယူ ဆောင်ရွက် ပြီးစီးခဲ့သည့် ဘိုကုန်းကားမှတ်နေရာ ရွှေ့ပြောင်းသည့် လုပ်ငန်း၊ အုတ်ရေမြောင်းနှင့် လမ်းပခုံးသား ကွန်ကရိလောင်းခြင်း ပြီးစီးသည့် အခြေအနေအား သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)