ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တောင်ကျချောင်းရေတိုက်စားမှုကြောင့် အင်းခွ-တောင်ဒီးလမ်းပေါ်ရှိ တံတားတစ်စင်း မြေထိန်းနံရံနှင့် ချဉ်ကပ်လမ်းနိမ့်ကျ

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ (၂၂) ရက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ တိုက်စားကာ အင်းခွရွာနှင့် တောင်ဒီးရွာလမ်းပေါ်ရှိ ဝင်ရော်ဆိပ်ကြီးကျေးရွာနှင့် တောင်ဒီးရွာကြား မိုင်တိုင် (၀/၀) မိုင်နှင့် (၁/၀) မိုင်ကြားတွင်ရှိသော ၂၀၁၅ ခုနှစ်တွင် ဝင်းရော်ဆိပ်ကြီးကျေးရွာမှ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည့် ကျောက်ရိုးစီအုတ်ခုံခံကွန်ကရစ်ကြမ်းခင်းတံတား (၃၀ ပေ× ၁၂ ပေ) သည် မြေထိန်းနံရံနှင့် ချဉ်းကပ်လမ်းနိမ့်ကျမှု ဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ဖြစ်ပွားခဲ့ရာ ရပ်ရွာပြည်သူများ အခက်အခဲမရှိသွားလာနိုင်စေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနနှင့် ပြည်သူများပူးပေါင်းကာ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

သဲဝါ(ပြန်/ဆက်)