နေပြည်တော် ဩဂုတ် ၂၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က အဖွင့်အမှာစကား ပြောကြား သည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးလှဝင်းမောင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြေညာထားရှိသော မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး၊ မဲဆန္ဒရှင်စာရင်းများ စနစ်တကျဖြစ်စေရေး ကွင်းဆင်း၍ စာရင်းများတိုက်ဆိုင်စစ်ဆေးဆောင်ရွက်သွားနိုင်ရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပြီး ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်သူက ရွေးကောက်ပွဲ လုပ်ငန်းဆိုင်ရာ များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် ကော်မရှင် အဖွဲ့ခွဲ ဉက္ကဋ္ဌ၊ အတွင်းရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြရာ ဒက္ခိဏသီရိ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)