လင်းခေး သြဂုတ် ၂၆
အများပြည်သူတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မခံရစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်မှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှ အဆိုပါလုပ်ငန်း ကျန်းမာရေး စစ်ဆေး ခြင်းအား မြို့အဝင် စုပေါင်းဂိတ်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ခေတ္တရပ်နား ဖြေလျှော့ခဲ့ပြီး၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်သွားသင့်သည့် အခြေအနေ အရပ်ရပ်အရ၊ မြို့နယ် အထွထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်နယ်မှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့ဖွဲ့စည်း၍ သြဂုတ် ၂၅ ရက်နေ့က နေ့စဉ်ပုံမှန် ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
လုပ်ငန်းဆောင်ရွက်ကြရာတွင် ဖြတ်သွားဖြတ်လာ လှုပ်ရှားလျက်ရှိကြသော ခရီးသွားပြည်သူများ အပါအဝင် နေရပ်ပြန်ပြည်သူ များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ မော်တော် ယာဉ်များ ပိုးသတ်ဆေးရည် ပက်ဖျန်းပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး Mask တပ်ဆင် သွားလာကြရေး အသိပညာပေးခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
စိုင်းဇော်လတ်(လင်းခေး)