ပလမြို့ အမှတ် (၂) ရပ်ကွက် မီးဘေးသင့်နေအိမ်အား ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုလော သြဂုတ် ၂၆

ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၂) ရပ်ကွက်တွင် သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်ပွား၍ သဘာ၀ဘေးသင့်ခဲ့သော အိမ်ထောင်စုတစ်စုကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှု လုပ်ငန်းကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ကူညီမှုတွင် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်တစ်ဆောင်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁) သိန်းကျပ်၊ မိသားစု၀င် (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံ (၁) လုံးကို ပုလောမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)