ရွာငံမြို့နယ်တွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရွာငံ    ဩဂုတ်   ၂၆

ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ် ရေးအတွက် Mask များတပ်ဆင်အသုံးပြုရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ရွာငံ ဈေးနေ့တွင် ဈေးရောင်း/ဈေးဝယ်၊ ဈေးသွား/ဈေးလာ  ပြည်သူများအား Mask များ တပ်ဆင် အသုံးပြုနိုင်ရန် ပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရွာငံမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီက မြို့ဦးမင်္ဂလာကျောင်းကြီးရှေ့ ပြည်သာယာလမ်းပေါ် နှင့် ရွာငံမြို့မဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်မှုတွင် Mask မပါရှိသူများအား အခမဲ့ ပေးဝေခြင်း ပညာပေးလက်ကမ်းစာ စောင်များအား ဖြန့်ဝေပေးခြင်း၊  ဟောပြောခြင်း ဈေးလာပြည်သူများအား အပူချိန်တိုင်းကိရိယာဖြင့် တိုင်းတာပေးခြင်း လုပ်ငန်း များ ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူနှင့်ဝန်ထမ်းများ၊  မြို့နယ် ဆရာဝန်ကြီး ဒေါက်တာခွန်ဝင်းလတ်၊ စည်ပင်အမှုဆောင်အရာရှိ နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လူထူထပ်သည့်နေရာများတွင် ပြည်သူများ Mask တပ်ဆင် အသုံးပြုနိုင်ရေး အသိပညာပေး လုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်ပြန်/ဆက်