ခရမ်း ဩဂုတ် ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မိုးရာသီရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေနုတ်မြောင်းနှင့် ကွန်ကရစ် လမ်းကို ခရမ်းမြို့ အမှတ်(၂) ရပ်ကွက် ဘုရားလမ်းတွင် တူးဖော်ခင်းကျင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါရေနုတ်မြောင်းကို ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ် (GRF) အထွေထွေ ပိုလျှံ ရန်ပုံငွေ မှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဘုရားလမ်း မ ကြီး အနောက်ဖက် ခြမ်း မြို့နယ်ပြည်သူ့ဆေးရုံဝင်းထိပ်မှ အရှည် ပေ ၆၀၀ အား အနက် ၃ ပေ အကျယ် ၃ ပေဖြင့် အုတ်စီ ရေနုတ်မြောင်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက် လျက်ရှိပြီး မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးနှင့် မြို့နယ် စည်ပင်သာယာရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များမြို့နယ် စည်ပင်သာယာရေး အဖွဲ့မြိုနယ် ဦးစီးမှူး ဦးမိုးကျော် ၊ မြို့နယ် အင်ဂျင်နီယာ ဒေါ်ကောင်းမြတ်မွန်တို့က ကွင်းဆင်း ကြည့်ရှု စစ်ဆေး၍ စံချိန်စံညွှန်း ပြည့်မှီရေး အလေအလွင့် နည်းပါး၍ အချိန်မှီ ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အုတ်စီရေနုတ်မြောင်းမှာအရှည်ပေ ၆၀၀ ရှိပြီးအကျယ် ၃ပေ အနက် ၃ ပေအား ခွင့်ပြုငွေ ၁၇၈.၂ သိန်းကျပ်ဖြင့် မြို့တွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)