မိုင်းယု ဩဂုတ် ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးသန့်စံပြကွက် ဆင်းဧကရီ-၃ မိုးစပါး (အထူးအထွက်တိုး)စံပြကွက် တောင်သူ ဦးထိန်းလင်း၏ လယ်မြေ ကွင်းအမှတ်(၆၅)ရှိ လယ်(၃)ဧကတွင် စိုက်ခင်းအတွင်းမျိုးကွဲများ နှုတ်ပယ်ခြင်းကို ယနေ့ ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မျိုးကောင်းမျိုးသန့် မိုးစပါးမျိုးများရရှိနိုင်ရန်အတွက် စိုက်ခင်းသို့ စိုက်ပျိုးရေး ဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်နှင့် ဝန်ထမ်းများက တောင်သူများနှင့်အတူ စိုက်ပျိုးထားသော အခင်းတွင် မျိုးမသန့်သည့် စပါးမျိုးများ အလွယ်တကူဖယ် ရှားနိုင်ရန်နှင့် ပေါင်းမြက်များ အလွယ်တကူရှင်းလင်းနိုင်ရန်အတွက် ခြောက်တန်း တစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးထားရှိပြီး ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိ ကြည့်ရှု စစ်ဆေးခြင်း၊ မျိုးခွဲပယ်ခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ ကွင်းဆင်းပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
ကိုကိုနိုင်(ပြန်/ဆက်)