ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးငယ်များအား အာဟာရ ရက်သတ္တပတ် လှုပ်ရှား မှုအဖြစ် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုး၊ ဆေးတိုက် စုရပ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်အေးအေးသင်း ဦးဆောင် ၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်ရပ်ကွက်(၉)ရပ်ကွက်ရှိ စုရပ်များ တွင် အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးငယ် များအား အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကိုယ်အလေးချိန်နှင့် လက်မောင်းလုံးပတ်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)