မိုးနဲ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားပြီး Book Club အဖွဲ့ဝင် ဦးငိုဘွယ်နှင့် အဖွဲ့ဝင်များက "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်မှ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ၊ ကလေးနှင့်ကျောင်းထားချိန်၊ ကလေးနှင့်ပညာရေး၊ သုတစာပေ ဖတ်ပါစေ၊ ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ စသည့် စာအုပ်ပါအကြောင်းအရာများကို ဦးဆောင် ဆွေးနွေးရာတက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)