မိုးညှင်း​မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ပြုလုပ်

မိုးညှင်း    ဇန်နဝါရီ     ၁၇             

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ စာရေးဆရာအသင်းနှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၁)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် စာရေးဆရာမ ဒေါ်ခင်မာဆွေ၊ ကလောင်အမည် (တင်တင်ဆွေမာ)က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုသည်မှာ ခေါင်းစဉ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် လုပ်ဆောင်ရမည့် အကြောင်းအရာများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရမည့် အကြောင်းအရာနည်းလမ်းများကို ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များနှင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်