ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အထက် ၂၃ စင်တီမီတာကျော်နေ

ညောင်ဦး  ဩဂုတ်  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၃၆ မီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ်၂၁၂၀ စင်တီမီတာအထက် ၁၆ စင်တီမီတာ ကျော်လွန်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းတာမှုအရ ဧရာ ဝတီမြစ်ရေမှတ်သည် ၂၁၃၆ ဖြစ်ပြီး နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ၂၁၄၃ ဖြစ်ကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စတင်မီတာအထက်သို့ ၂၃ စင်တီမီတာကျော်လွန်နေကြောင်းလာမည့်နေ့တွင် စိုးရိမ်ရေမှတ်အထက်တည်ရှိနေနိုင်သေးကြောင်းသိရပြီး ဧရာဝတီမြစ်ရေကြီးမှုစိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးခရိုင် မိုးလဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးထံမှ သိရသည်။

မောင်မောင်ထိန်