ရန်ကုန် ဩဂုတ် ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 ရောဂါပြန့်ပွားမှု မဖြစ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် သင်္ဃန်းကျွန်းမြို့နယ်(၁၆/၂) ရပ်ကွက် ရတနာ စျေးအတွင်းနှင့် ရတနာစျေးရှေ့လူစည်ကားရာ နေရာများတွင် ယနေ့နံနက်ပိုင်းအချိန်က မာသာထရီဆာ ဥက္ကဋ္ဌ ဦးစိုင်းဂန္ဓလှိုင်မှ လှူဒါန်းသော Mask (၃၀၀၀)ခုကို ရန်ကုန်အရှေ့ပိုင်းခရိုင် စျေးများဌာနမှ ဦးစီးအရာရှိ ဦးဇော်လွင်အောင်၊ ရတနာစျေးတာဝန်ခံ ဦးသန်းဇော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် တို့က Mask မတပ်ဆင်ဘဲသွားလာနေကြသူများအား Maskများ အခမဲ့ လိုက်လံ ပေးဝေကာ Mask တပ်ဆင်သွားလာကြ စေရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)