ဘုတ်ပြင်းမြို့နယ်နှင့် ကရသူရိမြို့တွင် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်းရှိ/ မရှိရှောင်တခင်စစ်ဆေး

ကရသူရိ သြဂုတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်နှင့် ကရသူရိမြို့တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ရှောင်တခင်စစ်ဆေးသည်။

စစ်ဆေးရာတွင် ကရသူရိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ဆိုင်အတွင်းလက်ဆေးဘေစင်နှင့်လက်သန့်ဆေးရည်များထားရှိခြင်း ရှိ/မရှိ၊ ဆိုင်ပိုင်ရှင်များ (Mask)တပ်ဆင်ရေးနှင့် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးများထားရှိခြင်း ရှိ/မရှိတို့ကို ရှောင်တခင်စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များအပေါ် လိုက်နာမှုမရှိပါက ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယ  အကြိမ်မလိုက်နာပါက ဆိုင် (၃) ရက်ပိတ်သိမ်းစေခြင်းနှင့် တတိယအကြိမ်မလိုက်နာပါက အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)