ရပ်စောက် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်မှုရှိစေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချူပ်ရေးမှူး၊ ဦးသိန်းဇော်ဝင်းက မဲဆန္ဒရှင်စာရင်း များ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သူများ အမှန်တကယ် မဲပေးနိုင်မှုရှိ၊မရှိ နှင့် မဲရုံများတွင် လိုအပ်သည့် စီမံဆောင်ရွက်မှုများကို ကြိုတင်စီမံဆောင်ရွက်ထားမှု ရှိစေရေး၊ရပ်ကွက်/ ကျေးရွာ အလိုက် တာဝန်ယူဆောင်ရွက်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျမဲရုံများကို ကြပ်မတ်ဆောင်ရွက် နိုင်ရေး အတွက် အလေးထားစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်မှ မြေပြင် ကွင်းဆင်း စိစစ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေးမှုအခြေအနေ နှင့် ပထမအကြိမ်မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှု အပေါ် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားလာသည့် မဲဆန္ဒရှင် စာရင်းများအား ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေနှင့် လာမည့် အောက်တိုဘာလတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးကို အလေးထား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)