ရပ်စောက် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အတွင်းရှိ ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရေး Maskများတပ်ဆင်ကြရန်နှင့် ပေါ့ဆစွာမနေဘဲ သတိရှိစွာဆင်ခြင်နေထိုင်ကြရန် အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွှဲ (၁၇၀၀) နာရီအချိန်က မြို့ပေါ်ရှိ ရပ်ကွက်များသို့ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ ပူးပေါင်း၍ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းကိုဆောင်ရွက်ခဲ့သည်။
ယခု Covid-19ရောဂါ ကူးစက်မှုဖြစ်ပွားနေသောကာလတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိအိမ်တွင် နေထိုင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှနေထိုင်ပြောဆိုဆက်ဆံကြရန်၊ နိုင်ငံခြားမှ ပြန်လာသူ မိသားစုဝင် များ ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ မဖြစ်မနေသတင်းပေးပို့ကြရန်၊ ရောဂါပိုးရှိသူ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများကို ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပြည်သူများမှ ပူးပေါင်း ပါဝင်ကူညီပေးကြရန်နှင့် ကျန်းမာရေးဦးစီးဌာနမှ Covid-19 ရောဂါနှင့်ပတ်သက်၍ ချမှတ်ထားသော စည်းကမ်း ချက် များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြစေရန် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)