အလုံ သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲမှစ၍ ကရင်ခြံရပ်ကွက်အတွင်းရှိ နေအိမ် များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များ နှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွား စေနိုင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ရေတွင်း ရေကန်များ၊ ရေစည်များအတွင်း အဘိတ် ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့သည်။
အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေး လွန် တုပ်ကွေးရောဂါနှင့် အခြား ရောဂါများ ကာကွယ်ရေးအတွက် စာသင်ကျောင်းများနှင့် ၊ရပ်ကွက် များတွင် အဘိတ်ဆေးခတ်ခြင်း နှင့် အသိပညာပေး လုပ်ငန်း များကို ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်