မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး Mask တပ်ဆင်ခြင်း မရှိသူများအား အသိပညာပေး

မိုးကောင်း  ဩဂုတ်  ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask တပ်ဆင်မှုမရှိသူများအား  မီးပွိုင့်လမ်းဆုံနှင့် မြို့အဝင်တံတားအနီး လမ်းဆုံတို့၌ ယနေ့နံနက် (၇)နာရီခွဲတွင် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အနယ်နယ်အရပ်ရပ်မှ သွားလာနေကြသောပြည်သူများနှင့် ယာဉ်မောင်းသူများကို ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ရည်ရွယ်၍ အပြင်ထွက်လျှင် Mask တပ်ကြရန်ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန်ဝေပေးခြင်း၊ Mask များ ဝေငှခြင်းကို ဆောင်ရွက်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)