မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများရှိ ဈေးသည်များ နှာခေါင်းစည်း (Mask) တပ်ဆင်ထားမှု ရှိ/မရှိစစ်ဆေး

မရမ်းကုန်း ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မရမ်းကုန်း မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများရှိ ဈေးသည်များ နှာခေါင်းစည်း တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ အမှတ်(၉)ရပ်ကွက်ရှိ ကမ္ဘာအေးစျေးနှင့် ကမ္ဘာအေး ဘုရားလမ်းတို့တွင်​ ဈေးရောင်းချသူ ဈေးသည်များ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်း ရှိ/မရှိ၊ နှာခေါင်းစည်း များ တပ်ဆင်ထားခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသည့် ဈေးသည်များအား ဈေးဌာနဝန်ထမ်းများမှ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

မရမ်းကုန်းမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများကို အရှန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)