ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး လှည့်လည် လှုံ့ဆော်

ညောင်ဦး ဩဂုတ် ၂၅

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးပရဟိတအဖွဲ့ချုပ်တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများသို့ အသံချဲ့စက်များအသုံးပြု၍ လှည်လည်ဆော်ဩခြင်းများကို ယနေ့နံနက် () နာရီမှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်၊ ပြည်သူတွေ သိနားလည်ပြီး ပူးပေါင်းပါဝင်လာအောင်၊ ကျန်းမာရေးဌာနကို ကူညီထောက်ပံ့နိုင်အောင်၊ ဥပဒေကို လိုက်နာအောင် စသည့် ရည်ရွယ်ချက်များဖြင့် ယခုလို အသံချဲ့စက်များဖြင့် လှည်လည်ဆော်ဩခြင်းများကို ဆောင်ရွက်ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်မာမျိုးက ပြောသည်။

အဆိုပါအဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူလူထုအနေဖြင့် လက်ကို မကြာခဏ ဆေးကြောရန်၊ လူစုလူဝေးရှိသည့်နေရာများအား ရှောင်ကျဉ်ရန်၊ နှာချေချောင်းဆိုးပါက လိုက်နာရမည့်အချက်များနှင့်  နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ကြရန်တို့ကို အသံချဲ့စက်ဖြင့် ကြေညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မင်းဦး (ရေနံချောင်း)