ကမာရွတ်မြို့နယ်၌ ငါးနှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

ကမာရွတ် ဩဂုတ်၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ကမာရွတ်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အသက် (၆)လမှ (၅)နှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီ က  အမှတ်(၂)ရပ်ကွက်ဓမ္မာရုံ၌ စတင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးရာတွင် “ကလေးများ သန်မာ ဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ သန်ကျဆေးကို တိုက်ကျွေးစို့” ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး များ တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ လက်မောင်းလုံးပတ်တိုင်းပေးခြင်း၊ ဆေးတိုက်ကျွေး ရာတွင် အသက် (၆) လမှ (၁)နှစ် အထိကလေးငယ်များအား ဗီတာမင်အေ(၁)သိန်းအား အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များ အား ဗီတာမင်အေ (၂)သိန်းအားနှင့် အသက်(၂)နှစ်မှ (၅)နှစ်အထိ ALBENDAZOLE (၄၀၀)မီလီဂရမ် သန်ချဆေး (၁)လုံး တို့ကိုကျန်းမာရေး အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ တိုက်ကျွေးခြင်းဖြစ် ကြောင်းသိရှိရသည်။

ဆက်လက်၍ ကိုယ်ဝန်ဆောင် (၃)လအထက် အမျိုးသမီးများကိုလည်း အားဆေးများ ပေးခြင်းတို့ကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တာဝန်ခံဆရာမများနှင့်တာဝန်ရှိသူများ၊ ကမာရွတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တို့က စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

စိမ်းလဲ့(ပြန်/ဆက်)