လွယ်ဂျယ် သြဂုတ် ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီတွင် လွယ်ဂျယ် ကျေးလက်ကျန်းမာရေးဌာနက ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး ဟောပြောသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသီသီအောင်က ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လွယ်ဂျယ်ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်ထားထားမိုးက မြန်မာနိုင်ငံနှင့်ကမ္ဘာအနှံ့တွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အကြောင်းကို ပရိုဂျက်တာ မှတ်တမ်းများနှင့်တကွ အသေးစိတ် အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၆၉)ဦး နှင့်ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး ထိုသို့အသိပညာပေးခြင်း လုပ်ငန်းကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)