မလှိုင် ဩဂုတ် ၂၅
(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များစုပေါင်းပြီး ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး ပတ်ဝန်းကျင်ကို စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ နှောကန်ရဲစခန်းနှင့် ဆည်တိုရဲကင်းစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အရာရှိ (၉) ဦးနှင့် တပ်ဖွဲ့ဝင် (၄၁) ဦး၊ စုစုပေါင်းအင်အား (၅ဝ) ဦးဖြင့် ဆေးရုံဝင်း အတွင်း၊ အပြင်၌ ပေါင်းမြက်များရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်းကို ဆောင်ရွက်ခဲ့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေမင်းမျိုးထွန်းနှင့် မြို့မစခန်းမှူး ဒုရဲမှူး သန်းထွန်းတို့က ကြည့်ရှုအားပေးကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)