အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာသို့ အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့်တာဝန်ရှိသူများသည် ခရိုင်ရေစီး ရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်း တာဝန်ခံအဖွဲ့မှ EE ဦးသန်းအောင်ဦး၊ လုပ်ငန်းကြီးကြပ် အင်ဂျင်နီယာ ဦးအာကာစိုး တို့နှင့် အတူ ကသွယ်ချောင်း (ရွာမချောင်း)အတွင်း စီးဝင်သည့် အောင်ဇေယျလမ်းတစ်လျှောက်ရှိ အုတ်ရေမြောင်း ပြုလုပ် နေသည့် လုပ်ငန်းခွင်သို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)