လှိုင် ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ယမန်နေ့က နိုင်ငံသား စိစစ်ရေးကတ်ပြား များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်း၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့နယ်လဝကဦးစီးမှူး ဦးစိုင်းအောင်လှနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်း၍ အိမ်ထောင်စုဇယားရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ များအား နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့က အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက် များ ရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ရပ်ကွက်(၁၆) ရပ်ကွက်ရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် သတ်မှတ်ရက်များအလိုက် မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဦးစီး ဌာနရုံး မှ ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရှိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)