သုံးခွ ဩဂုတ် ၂၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ဝါသနာ ပါသူများ အား စာပေနှင့် စဉ်ဆက်မပြတ် ထိတွေ့နေစေရေးအတွက် အပတ်စဉ်ဌာနဆိုင်ရာများ၊ ကျောင်းများ၌ မိုဘိုင်းစာငှား စနစ်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက သမဝါယမအသင်းစုရုံးသို့ Mobile library ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းမှာ မြို့နယ်ရုံးစာကြည့်တိုက်သို့ လာရောက်၍ စာငှားစာဖတ်မပြုလုပ်နိုင်သော ဌာန ဆိုင်ရာ ဝန်ထမ်းများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗဟုသုတဖြစ်ဖွယ် သုတ၊ ရသစာပေများကို ယူဆောင်ငှားရမ်း ပေးခြင်းအပြင် စာဖတ်သူ ဖတ်ရှုလိုရာ စာအုပ်များကိုလည်း ငှားရမ်းပေးခြင်းဖြင့်လည်း ဝန်ဆောင်မှုများ ပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း သမဝါယမအသင်းစုရုံးနှင့် မြန်မာ့စီးပွားရေး ဘဏ်များသို့ Mobile စာငှားစနစ် ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်