ဖလမ်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး

ဖလမ်း မတ် ၅

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖလမ်းမြို့၌ မတ် ၃ ရက်နေ့မှစ၍ အခြေခံပညာအထက်တန်းကျောင်းများ၌ စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထုတ်ပေးရာတွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဖြေဆိုခွင့်ကတ်ပြားများကို မတ် ၁၀ ရက်နေ့ထိ ထုတ်ပေးမည်ဖြစ်သည်။

ဖလမ်းမြို့နယ်အတွင်း ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ရိခေါ်ဒါရ်အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် လျှောက်ထား သူ (၁၃၁၀) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဂျွန် (ပြန်/ဆက်)