သံတောင်ကြီးမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သံတောင်ကြီး သြဂုတ် ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရန် သံတောင်ကြီးမြို့ပေါ်တွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်ထူးဇန်၊ ဒုရဲအုပ် တင်ဇော်ဝင်း၊ ဒုရဲအုပ် ရဲမင်းစိုး၊ မြို့နယ်ကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်မိုးမိုးခိုင်၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ သံတောင်ကြီးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များက စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ရောင်းချနေမှုအခြေအနေ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စားသုံးသူတွေ ရောဂါကူးစက်မှုမရှိစေဖို့ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်များထားရှိစေရန် ရောင်းချသူ တွေအနေဖြင့် Mask၊ Face Shield များတပ်ဆင်ပြီး ရောင်းချစေရေး၊ ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)