ထန်းတပင်၌ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး တိုင်းဒေသကြီးပံ့ပိုးကူညီရေးအဖွဲ့နှင့် မြို့နယ် မဲစာရင်း စိစစ်ရေးလုပ်ငန်းကော်မတီတို့တွေ့ဆုံဆွေးနွေး

ထန်းတပင်(ရန်ကုန်) ဩဂုတ် ၂၅

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် ပြည့်စုံမှန်ကန် သော မဲဆန္ဒရှင် စာရင်းများ ရရှိနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် ရေးပံ့ပိုးကူညီရေးအဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်မဲစာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီတို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြ သည်။

တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် က ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင် စာရင်း တိကျမှန်ကန်စေရေးကို ပံ့ပိုးကူညီ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် လိုအပ်ချက်များ တင်ပြနိုင်ရန်အတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအနေဖြင့်ဖြစ်စေ၊ တိုင်းကော်မရှင်အနေဖြင့်ဖြစ်စေ၊ ခရိုင် ကော်မရှင် အနေဖြင့်ဖြစ်စေ လိုအပ်ချက် များရှိပါကလည်း မြို့နယ်အလိုက် ထိန်းကျောင်း တည့်မတ် တင်ပြပေး နိုင်အောင် အတွက်လည်း အဓိက ဦးစားပေးဖြစ်ပါကြောင်းနှင့် မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ပံ့ပိုးကူညီရေး အဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်ပံ့ပိုးကူညီရေးအဖွဲ့ဝင် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးစောနိုင်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများ အရ၊ လုပ်ထုံး၊ လုပ်နည်းများအရ စနစ်တကျ ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီမှတာဝန်ရှိသူများက မြို့နယ် အတွင်း ပထမအကြိမ်မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာရာတွင် လာရောက်ကြည့်ရှုမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာလကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲဆန္ဒရှင် စာရင်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးက လိုအပ်ချက်အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တိုင်းဒေသကြီးတာဝန်ရှိသူများ၊ ထန်းတပင်မြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)