မိတ္ထီလာခရိုင်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Menagement သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ၊ဇန်နဝါရီ ၄

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင် ရေး Menagement သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း က အမှာစကားပြောကြားရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ် မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များရှိ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များ တိုးတက်လာပြီး လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးချခြင်း ဖြင့် မိမိတို့ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် တာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ယခုလို ဝန်ထမ်းများအား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် သင်တန်းနည်းပြဆရာများက သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။    

အဆိုပါသင်တန်းကို မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှု အောက် ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များမှ သင်တန်းသူသင်တန်းသား(၁၅)ဦး တက်ရောက်ကြ ပြီး ၎င်းသင်တန်းတွင် HRM vs HRD ၊ HR for non HR ၊ Emotional Excellent ၊ Organisational Menagement ၊ Public Administration ၊ Employee Ethics Development စသည့် ဘာသာရပ် များကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ် ကြောင်း  သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)