ထားဝယ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖိတ်ခေါ်အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ နှင့်အားကစားပြိုင်ပွဲ အမျိုးအစားအလိုက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ထားဝယ်  ဇန်နဝါရီ   ၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖိတ်ခေါ် အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပြိုင်ပွဲအမျိုးအလိုက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသော ငြိမ်းချမ်းရေးအသင်းနှင့် ROC-FC အသင်းတို့၏ ယှဉ်ပြို်ငကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များတို့က ကြည့်ရှုအားပေးရာ ငြိမ်းချမ်းရေးအသင်း က (၆)ဂိုး(၃)ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများ က တင်းနစ်ပြို်ငပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆု ရရှိသူများအားဆုများချီးမြှင့်ပေးအပ်ပြီး ဒုတိယဆုရရှိသော ROC-FC အသင်းအား ငွေသားဆုနှင့် ဆုဖလားပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ပထမဆုရရှိသော ငြိမ်းချမ်းရေး အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)