ရမည်းသင်း ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစဌာနရုံးဝန်းအတွင်း(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၄နာရီမိနစ်၂၀ ကကျင်းပပြုလုပ်သည်။
ထို့နောက်နံနက် ၇နာရီ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှပေးပို့သော(၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့သဝဏ်လွှာကို ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ဖတ်ကြားသည်။
အဆိုပါအခမ်းအနားကိုကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကျန်းမာရေးဆိုင်ရာညွန်ကြားချက် များနှင့်အညီကျင်းပဆောင်ရွက်လျက် ရှိပြီးပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ကထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)