မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နမ့်ဆီလင်းကျေးရွာ မြေသားလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး၊ ရွာသူရွာသားများအား အနွေးထည်များ ထောက်ပံ့

မိုင်းယောင်း  ဇန်နဝါရီ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ဇန်နဝါရီ ၃ ရက်က မုန်းလိုက် ကျေးရွာအုပ်စု၊ နမ့်ဆီလင်းကျေးရွာ မြေသားလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နှစ်ရှည်ပင်စိုက်ပျိုးရေးအဖွဲ့မှ လှူဒါန်းသော အနွေးထည်များကို ရွာသူ၊ ရွာသားများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလမ်းတွင် နေ့စဉ် ဒေသခံပြည်သူများသွားလာလျက်ရှိရာ အရှည် သုံးမိုင်၊ အကျယ်ပေ ၃၀ ရှိ မြေသားလမ်းချဲ့ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြု ရန် ပုံငွေကျပ် ၉၄ ဒသမ ၃၈၅ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင် ရွက်လျက်ရှိပြီး လုပ်ငန်းအားလုံးပြီးစီးသွားပါက ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း