ကော့ကရိတ် ဇန်နဝါရီ ၄
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံး၌ ကျင်းပသည်။
ရှေ့ဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်အလံကို ဂုဏ်ပြုတပ်ဖွဲ့များက အလံတင် စစ်ခရာမှုတ်၍ တိုင်ထိပ်သို့လွှင့်တင်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက အလံတင်အဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ် လွှာကို ခရိုင်အုပ် ချုပ်ရေးမှူး ဦးထွန်းဝေက ဖတ်ကြားသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် လွန်ဆွဲ၊ ချောတိုင်တက်၊ မီတာ (၅၀)ပြေး၊ ခေါင်းအုံးရိုက်ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပသွား မည်ဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင်လည်း မိမိတို့၏ အစီအစဉ်ဖြင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)