ကျိုင်းလပ် ဇန်နဝါရီ ၃
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ၌ ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နံနက် ၁၁ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြပွဲ၊ ပြိုင်ပွဲနှင့် ဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ များ လွတ်လပ်ရေးကို မမေ့အပ်ပဲ အမှတ်ရစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အကျဉ်းကို အသိပညာပေး ဟောပြောခဲ့ပြီး လွတ်လပ်ရေးရယူ ကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံ၊ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဖြူဖြူဝင်း (ပြန်/ဆက်)