ကော့ကရိတ် သြဂုတ် ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြည်သူများသိရှိလေ့လာနိုင်ရေးအတွက် ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုဆိုသည်မှာ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများ၊ လူကုန်ကူးမှုပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးသူများက ခေါင်းပုံဖြတ်ခြင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရသည့်အတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်နှစ်နာမှုများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့်လိုအပ်ချက်များ၊ လူကုန်ကူးမှုဖြစ်စဉ် မှတ်တမ်းပုံများပါဝင်ပြီး ရပ်ရွာပြည်သူများနှင့် လူငယ်များ လူကုန်ကူးမှုအန္တရာယ်မှကင်းဝေစေရန်နှင့် သတိပြုရှောင်ရှားနိုင်ရန် ရည်ရွယ်ပြသခြင်းဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း