ပိုင်ကျုံမြို့၊ ကစို​ကျေးရွာ၌ (၂၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဒုံးယိမ်းအကပြိုင်ပွဲ အခမ်းအနား ကျင်းပ

ပိုင်ကျုံ ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ယမန်နေ့ည ၇ နာရီက (၂၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်ဒုံးယိမ်းအကပြိုင်ပွဲ  အခမ်းအနား ကျင်းပခဲ့ သည်။

အဆိုပါ ဒုံးယိမ်းအကပြိုင်ပွဲတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင် ကပြကြမည့် ဒုံးယိမ်းအဖွဲ့များမှ နေ့သစ်ကူးကွင်း၌ နေရာယူခြင်း၊ ကရင်နေ့သစ်ကူးသီချင်းဖြင့် က​ပြသီဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုနောက် (၂၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ်  ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ KPF-BGF (၁၀၁၅) ဗိုလ်မှူး စောဝင်းလှိုင်စိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရိုးရာယဥ်ကျေးမှုဓလေ့များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရန်၊ လူမျိုးများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရယ်မှ ရှောင်ရှား ရန် လိုအပ်ကြောင်း၊ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စသည့်အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဒုံးယိမ်းအကပြိုင်ပွဲတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိကျေးရွာများမှ ပါဝင်ယှဉ်ပြိုင် ကပြကြမည့် ဒုံးယိမ်းအဖွဲ့ (၉) ဖွဲ့ရှိပြီး အကောင်းဆုံး ကပြဖျော်ဖြေနိုင်သော အဖွဲ့များအား ဇန်နဝါရီလ ၁ ရက်နေ့ည တွင် ပြန်လည်ကပြ ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)