စဉ့်ကိုင်မြို့နယ်တွင် Online ဝန်ဆောင်မှုစနစ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

စဉ့်ကိုင် ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန    စဉ့်ကိုင်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင်    Online ဝန်ဆောင် မှု စနစ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသီက စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရရှိစေရန် လူမိုက်နှင့်မပေါင်းသင်းက ချမ်းသာ ရမည် ဆောင်းပါးကို ဆွေးနွေးတင်ဆက်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံးအနေဖြင့် ပြည်သူဆီသို့ ရှေးရှုသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိပြီး နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့်လည်း ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ညိုညိုဝင်း