ဆံတော်ရှင်ကျိုက်ဓနုတ် စေတီတော်မြတ်ကြီးအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရင်ပြင်တော် သန့်ရှင်သာယာ လှပစေရေး စုပေါင်းဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး မုဒ်ဦးလေးဘက်ရှိ တန်ဆောင်းပြဿဒ် ခုအား  ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းပြုပြင် မွမ်းမံဆောင်ရွက်နေမှုနှင့်   ရင်ပြင်တော် သန့်ရှင်း သာယာလှပစေရေး စုပေါင်း ဆောင်ရွက်ခြင်းကို  ယမန်နေ့ နံနက်   နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး စိုးနိုင်၊  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့်  တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊  နယ်မြေခံတပ်မှ တပ်မတော်သားများက   စေတီတော်မြတ်ကြီး ရင်ပြင်တော်တစ်လျှောက် တံမြက်စည်းလှည်းခြင်း၊ ဆီးမီးပူဇော်သည့်ခုံများ၊ အမှိုက်ခြောက်၊ အမှိုက်ဆိုများအား  ရှင်းလင်းခြင်း၊  ဘုရားများအား ရောင်တော်ဖွင့်ခြင်း၊ ပန်း၊ ရေချမ်းများ ဆက်ကပ်ပူဇော်ခြင်း တို့ကို  စုပေါင်း ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြပြီး၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်  မုဒ်ဦးလေးဘက်ရှိ တန်ဆောင်းပြဿဒ် ခုအား ဓနုတ် ကျောင်းတိုက် ဆရာတော်ကြီး ဦးဆောင်၍ အလှူရှင်နှင့် ဂေါပကအဖွဲ့တို့ ပူးပေါင်း၍ ထိန်းသိမ်းပြုပြင်မွမ်းမံ ဆောင်ရွက်နေမှု၊ စေတီတော်ရင်ပြင် သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရားဖူးလာ ပြည်သူများ အေးအေးချမ်းချမ်း လာရောက်ဖူးမြှော် ကြည်ညိုနိုင်ရေးအတွက် ဆောင်ရွက်နေမှုများအား  ဂေါပကအဖွဲ့ဥက္ကဋ္ဌက ပြောကြား ခဲ့ပြီး  တာဝန်ရှိသူများက လိုက်လံကြည့်ရှု ခဲ့ကြသည်။

ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးအား   နေ့စဉ် နံနက် နာရီမှ နာရီအထိ ဖွင့်လှစ်ထားရှိပြီး၊ ဘုရားဖူးလာပြည်သူများ အေးအေး ချမ်းချမ်း လာရောက် ဖူးမြှော်ကြည်ညို လျက်ရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

သုတ