မုံးကိုး ဩဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင် ပြုပြင်ပြီးစီးမှုအခြေအနေကို ရှမ်းပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာ သက်သက်စံနှင့်အဖွဲ့တို့က ယနေ့ နံနက်(၁၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်း ကြည့်ရှု စစ်ဆေး သည်။
“ခုလို ကျောင်းဆောင်ပြုပြင်ပြီးစီးပြီဖြစ်တဲ့အတွက် ကျောင်းစာသင်ခန်းတွေ လုံလုံလောက်လောက် ရှိသွား ပါပြီ၊ ကျောင်းသား၊ ကျောင်းသူတွေ စာပေဗဟုသုတပိုမိုကြွယ်ဝလာရန်အတွက် ကျောင်းစာကြည့် တိုက်လည်း ဖွင့်လှစ်နိုင်ရန် ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားမယ်”လို့ ကျောင်းအုပ်ဆရာကြီးဦးစိန်ဝိုင်းက ပြောကြား သည်။
အဆိုပါ ကျောင်းဆောင်သစ်ပြုပြင်ပြီးစီးမှုအခြေအနေများကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင် ပညာရေးမှူးတို့က ကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ကိုဗစ်- ၁၉ ရောဂါ(ဒုတိယလှိုင်း)ဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများ အတွက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က နှာခေါင်းစည်း (၅၀၀) လှူဒါန်း သည်။
ယခုပြုပြင်ပြီးစီးသည့် ကျောင်းဆောင်ကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ သိန်းပေါင်း (၆၉၀) ကျပ်ဖြင့် နဂါးနီရောင်ခြည်ကုမ္မဏီက တာဝန်ယူပြုပြင်ဆောက်လုပ်ခဲ့ကြောင်းသိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)