နမ့်ခမ်းမြို့နယ်၊ နမ့်ဝမ်းချောင်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးပြိုကျမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

 

နမ့်ခမ်း   သြဂုတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန့်ဆွမ်းကျေးရွာအနီးရှိ  ရွှေလီမြစ်ထဲသို့ စီးဝင် နေသည့် နမ့်ဝမ်းချောင်းသည် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျမှု အခြေအနေနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ်စည်းမျဉ်း တစ်လျှောက်ရှိ နယ်ခြားမှတ်တိုင်များ၏ အခြေ အနေများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 “မိုးဆက်တိုက်ရွာသွန်းတဲ့အတွက် ချောင်းရေမြင့်တက်လာပြီး ကမ်းပါးပြိုကျမှုကြောင့် မန့်ဆွမ်းကျေးရွာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်ခြားမှတ်တိုင်အမှတ် (၅၃/)နှင့်(၅၃/)ကြား၊  အရှည်ပေ (၆၀၀)ခန့်နှင့် အကျယ်ပေ(၁၀၀)ခန့်ရှိ လယ်ယာမြေများ ပျက်ဆီးသွားပါတယ်၊ ချောင်းကမ်းပါးကို (၂၀၁၂)ခုနှစ်မှာ အရှည်ပေ (၆၀၀)နဲ့ (၂၀၁၇)ခုနှစ်မှာ အရှည်ပေ (၃၀၀)ရှိတဲ့ ကျောက်စီကွန်ကရစ်ကမ်းပါးမြေထိမ်းနံရံ ဆောက် လုပ်ခဲ့ပါ တယ်၊ ကွန်ကရစ်မြေထိမ်းနံရံရဲ့ အဆုံးပိုင်းကနေစတင်ပြီး ချောင်းကမ်းပါးက ဆက်လက်ပြိုကျနေပြီး ကျန်ရှိ နေတဲ့ ကမ်းပါးတွေကို ကျောက်စီ ကွန်ကရစ်မြေထိန်းနံရံ ဆောက်လုပ်နိုင်မှသာ ကျေးရွာပြည်သူတွေရဲ့ စိုက်ပျိုး မြေများကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်၊  ကမ်းပါးမြေထိန်းနံရံ ဆောက်လုပ်နိုင်ရန်အတွက် လိုအပ် တဲ့ န်ပုံငွေကို နိုင်ငံတော်မှ ခွင့်ပြုနိုင်ရန် ကျေးရွာပြည်သူများနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆက်လက် တင်ပြဆောင်ရွက်သွားမယ်"လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအေးမောင်က  ပြောကြားသည်။

ဆက်လက်ပြီး နမ့်ခမ်းမြို့၊ မန့်ဆွမ်းကျေးရွာအနီးရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်ခြားမှတ်တိုင် အမှတ် (၅၃/) (၅၃/) (၅၄)(၅၄/) မှတ်တိုင်()တိုင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ နယ်ခြား မှတ်တိုင် အမှတ်(၅၄)သည် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်သွယ်ထားသည့် လူသွားလမ်းအနီး၌ တည်ရှိပြီး အဆိုပါ လူသွား လမ်းကို မြေသား၊ သဲ၊ ကျောက်ဖို့ခြင်းတို့ လုပ်ဆောင်ထားသော်လည်း မိုးတွင်းကာလတွင် ချောင်း ရေကြီးပြီး  နှုံးမြေတင်ခြင်းတို့ဖြစ်ပွားလေ့ရှိသည်။ ၎င်းမှတ်တိုင်သည် မြေပြင်အထက် ()လက်မကျော်ခန့် သာရှိ၍ မှတ်တိုင်ကို ပြုပြင်ရန် လိုအပ်နေပြီး နယ်ခြားမှတ်တိုင်ပြုပြင်နိုင်ရန်အတွက် နှစ်နိုင်ငံ သဘောတူမှုဖြင့် အတူတူဆောင်ရွက်ရမည့်ကိစ္စဖြစ်သည့်အတွက် အမြန်ပြုပြင်နိုင်ရန် ဆက်လက်တင်ပြသွားမည်ဖြစ်သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို နမ့်ခမ်းမြို့နယ်၊ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မန့်ဆွမ်း ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)