မိုးနဲမြို့၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်

မိုးနဲ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့၌ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အဖြစ် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လွတ်လပ်ရေးနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲမကျင်းပမီ မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးညွန့်ရွှေက ပြိုင်ပွင်ဝင်များ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများ ၊အချိန်ကိုလုံလောက်စွာ ဖြေဆိုခွင့်ပြု ထားသည့်အတွက် စိတ်အေးလက်အေး ဖြေဆိုကြရန်ပြောကြားခဲ့ပြီး၊ ပြိုင်ပွဲကိုမြို့နယ် ပညာရေးဌာန၊ အခြေခံပညာ အလယ်တန်းအဆင့် အခြေခံပညာ ကျောင်းများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ဖြေဆိုရာတွင် မိုးနဲ(အ.ထ.က)ကျောင်း၊မြို့မ(..က)ကျောင်း၊ နမ့်မော်ဆွမ့် (..က) ကျောင်းနှင့် နောင်ကျော့(..က-ခွဲ)ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ  စုစုပေါင်း ၇ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး  ယင်းသို့ဖြေဆိုနေမှုအား မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် မှ လာရောက်ကြည့် ရှုအားပေးခဲ့ကြောင်းသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)