ဒေါပုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဝါဆိုရပ်ကွက်သို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာလ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှယနေ့ နံနက် ၁၁ နာရီအချိန်က ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်လိုသောပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀)နှစ်အထက် ရှိသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်းများ  ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ် ဒု လ.ဝ.က မှူး ဒေါ်တင်နွယ်မိုးနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ် အထက် ( ၂ )ဦး၊အသစ်လဲလှယ်သူ(၃)ဦးတိုကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမိုးကျော်သူညွှန့်ထံမှ သိရှိရပါသည်။

ဒေါပုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် အသက်၁၀နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အသက် ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းတို့အား အခမဲ့ပြုလုပ်ပေးခြင်းကို ရပ်ကွက်များ အတွင်းသို့   နေ့စဉ်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယဉ်မော်(ပြန်/ဆက်)