မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မက်မန်း ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်များ ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှ တစ်ခုဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ် အောက်တိုဘာလမှ မတ်လထိ(၆)လတာ ကာလအတွင်း ပထမ(၃)လပတ် ဆောင်ရွက်သည့် ငွေလုံးငွေရင်းလုပ်ငန်းမှ အတိုင်းအတာ (၂၀၀ပေx ၁၂ပေx၆ပေ) ခွင့်ပြုငွေကျပ် ၉၈၀၀၀၀၀ ဖြင့် မင်းသုခလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ (၂၀၂၁-၂၀၂၂) ခုနှစ် အောက်တိုဘာလမှ မတ်လထိ(၆)အတွင်း ငွေလုံးငွေရင်းလုပ်ငန်း(၃)ခုအား ခန့်မှန်းကုန်ကျငွေကျပ် (၂၂၆၀၀၀၀၀)ဖြင့် လည်းကောင်း၊ မြို့သာယာရေး သာမန်ပြင်ထိန်းလုပ်ငန်း(၄)ခုအတွက် ခန့်မှန်ကုန်ကျငွေ (၁၁၂၀၀၀၀) ဖြင့် လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး