ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံထားရှိမည့် နေရာများအား ကွင်းဆင်းစစ်ဆေး

ဒဂုံမြောက် ဩဂုတ် ၂၄

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အတွင်း မဲရုံထားရှိမည့် နေရာများအား မြို့နယ်ကော်မရှင် အဖွဲ့ဝင်များမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံများ ဆောင်ရွက်မည့်နေရာများသို့ လိုက်လံစစ်ဆေးခဲ့ပြီး မြို့နယ်ကော်မရှင် အဖွဲ့ဝင်ဥက္ကဋ္ဌ ဦးဘုံကုန်းနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြိို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးတို့မှ မဲရုံများဆောင်ရွက်ထားရှိမည့် နေရာများမှ လိုအပ်ချက်များအား မှာကြားခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းအရ ရပ်ကွက် ၂၇ ရပ်ကွက်တွင် မဲရုံပေါင်း ၁၅၄ ရုံ၊ အိမ်ထောင်စု ပေါင်း(၄၀၀၀၀)ကျော်၊ မဲဆန္ဒရှင် ပြည်သူပေါင်း ၁၄၉၂၃၉ ဦးတို့အား  မဲပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)