သန်လျင်၌ ကိုဗစ်ကာလ ပြည်သူများ အဆင်ပြေစေရေး အလုပ်သမား မှတ်ပုံတင်ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး

သန်လျင် သြဂုတ် ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ယနေ့နံနက်က မြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာ ဝန်ထမ်းများက ကိုဗစ်ကာလ ပြည်သူများ အလုပ်အကိုင် အဆင်ပြေစေရေးအတွက် ခရမ်းနှင့် သုံးခွ မြို့နယ်ရုံးများမှ ပြည်သူများအား အလုပ်သမား မှတ်ပုံတင်ကတ်(လေဘာ)များကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ သန်လျင်မြို့နယ် အလုပ်သမားညွန်ကြားရေးဦးစီးဌာနရုံးတွင် သန်လျင်နှင့် ကျောက်တန်း မြို့နယ်တို့မှ ပြည်သူများအား အလုပ်သမားမှတ်ပုံတင်(လေဘာကတ်)များ ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုဗစ်ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ အလုပ်အကိုင် အဆင်ပြေစေရေးအတွက် လေဘာကတ်များကို နေရာများခွဲ၍ ဆောင်ရွက် ပေးခြင်း ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ် သည်များကို ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)