မိုးကောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၃)ဦး ရွေးချယ်

မိုးကောင်း  ဩဂုတ် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဆောင်ရွက်သည့် မြို့နယ်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၃)ဦး ရွေးချယ်တင်မြှောက်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကြီးကြပ်ရေးအဖွဲ့ ဝင်တစ်ဦးက ရွေးချယ်မှုနှင့်ပတ်သက်၍ စည်ပင်သာယာရေးဥပဒေ၊ နည်းဥပ‌ဒေများကို ပြောကြားသည်။

ယင်းနောက် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၃)ဦးအား ရွေးချယ်ရာ၌ မြို့မိမြို့ဖ ရွေးချယ်သော ကိုယ်စားလှယ်များမှ နတ်ကြီးကုန်းရပ်ကွက်နေ ဦးခင်မောင်မြင့်နှင့် အရှေ့ရပ်ကွက်နေ ဦးမင်းကိုလေးကို လည်း‌ကောင်း၊ ကျွမ်းကျင်ပညာရှင် ကိုယ်စားလှယ်များမှ နန့်ရင်းရပ်ကွက်နေ ဦးမျိုးမြင့်ကို လည်း‌ကောင်း၊ လူမှု/စီးပွားကိုယ်စားလှယ်များမှ ပင်းဘောကျေးရွာနေ ဦးနေလင်းစိုးကိုလည်း‌ကောင်း အသီးသီးရွေးချယ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမျိုးဌေးနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များ တက်ရောက်သည်။

သန်းလွင်ဦး(ပြန်/ဆက်)