တောင်ကြီးမြို့၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးမှု ဆောင်ရွက်

 

တောင်ကြီး  ဩဂုတ်  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊တောင်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မှန်ကန် သော မဲဆန္ဒရှင် စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးအတွက် တောင်ကြီးမြို့နယ် မြေပြင် ကွင်းဆင်း စိစစ်ရေးအဖွဲ့သည် ဩဂုတ်(၂၂)ရက်နေ့မှစ၍ မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေး ပြင်ဆင် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အေးသာယာမြို့ အမှတ်(၉)ရပ်ကွက် နှင့် ရွှေညောင်မြို့၊ ဓနသိဒ္ဓိ ရပ်ကွက်များသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း စနစ်ဖြင့် မြေပြင် ကွင်းဆင်း ၍ တိုက်ဆိုင် စစ်ဆေး ပြင်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

တောင်ကြီးမြို့နယ်ရှိရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့် ရပ်ကွက်ကျေးရွာစာရေးတို့က တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲဆန္ဒရှင်စာရင်း၊ အချက်လက်များ မှန်ကန်မှုရှိစေရေးအတွက် ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေး ပေးခဲ့ကြကြောင်း၊ ရွေးကောက် ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်စွာပြုစုနိုင်ရေး နှင့် မဲဆန္ဒရှင် ကျန်ရှိမှု မရှိစေရေး အတွက် အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင်ပါ/မပါစစ်ဆေးကျန်ရှိသူများသည် မဲစာ ရင်းတွင် ပါဝင်ခွင့် ရရှိရေးပုံစံ(၃-က)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမည်မပါဝင် သူများသည် ပုံစံ(၃)ဖြင့် လည်းကောင်း မပါဝင်သင့်သည့် အမည်စာရင်းများပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက် အလက်မှားယွင်းမှုများကိုပုံစံ(၄-ဂ)ဖြင့်လည်းကောင်း ၊ ပြင်ဆင်လျှောက်ထားနိုင်စေရေးအတွက် ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ လိုအပ် သည့် ပြင်ဆင် ဖြည့်စွက်မှုများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မှ ပြင်ဆင်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)